(A) လက်ရှိကာလနဲ့ ဆက်စပ်နေတဲ့ မကြာသေးခင်ကမှ ပြီးဆုံးသွားတဲ့
ဆောင်ရွက်မှုတို့ကို ဖော်ပြရာမှာ Present Perfect
Continuous Tense ကို သုံးတယ်။ ဆောက်ရွက်မှုကနေ ထုတ်လုပ်လိုက်တဲ့ အကျိုးရလဒ်ဟာ
လက်ရှိအချိန်မှာ မြင်သာထင်သာ ရှိနေတယ်။
ဥပမာစာကြောင်းလေးတွေနဲ့ ဆိုရင် ပိုရှင်းသွားပါလိမ့်မယ်။
လက်ရှိအချိန်မှာ ညစ်ပေနေတဲ့ အင်္ကျ
ီတွေကိုကြည့်ပြီး မကြာသေးခင်က တစ်ခုခုပြုလုပ်ထားတယ်လို့ အကဲဖြတ်နိုင်လို့ ဒီ tense
ကိုသုံးပြီး မေးမြန်းလိုက်တာ ဖြစ်တယ်။
Tun Tun is very tired. He has been working
very hard. (He is tired now)
You are out of breath. Have you been running? (You are out of breath now)
You are out of breath. Have you been running? (You are out of breath now)
(B)
အကြောင်းအရာ တစ်ခုခုဖြစ်ပျက်နေတာ အချိန်ဘယ်လောက် ကြာသွားပြီ။ အခုထိလည်း ဆက်လက်ဖြစ်ပျက်နေတုန်းပဲ
(သို့) အခုလေးတင် ပြီးသွားကာစ ရှိသေးတယ်ဆိုတဲ့ အခြေအနေကို ဖော်ပြရာမှာ Present Perfect Continuous Tense ကို သုံးရတယ်။
ဥပမာ။ ။ မိုးကအခုရွာနေတယ်။ လွန်ခဲ့တဲ့ ၂နာရီလောက်ထဲက
စရွာနေတာ။ ဆက်လက်လည်း ရွာအုံးမယ့် လက္ခဏာရှိတယ် ဆိုတဲ့ အသုံးအနှုန်းမျိုးမှာပေါ့။
(Fig.1.1)
How long has it been raining?
It has been raining for two hours.
How long have you been learning
English? (အခုထိလည်း သင်နေတုန်းပဲ)
(C)
အချိန်ကာလတစ်ခုအတွင်းမှာ ထပ်ခါထပ်ခါ လုပ်ဆောင်လာတဲ့ ဆောင်ရွက်မှုတွေကို ဖော်ပြရာမှာလည်း
Present Perfect Continuous Tense ကို သုံးတယ်။
ဥပမာ။ ။
Mg Mg is a very good football player. He has been
playing since he was eight.
Every
morning they meet in the same cafe. They have been going there for
years.
(D)
အရင် Post မှာ ဖော်ပြခဲ့တဲ့ Present Continuous Tense
နဲ့ အခုတင်ပြနေတဲ့ Present Perfect Continuous
Tense နှိုင်းယှဉ်လေ့လာကြည့်ပါ။ ( Fig 1.2)
No comments:
Post a Comment