ကျနော်ရေးသားနေသော အကြောင်းအရာတို့ကို လှေခါးထစ်သဖွယ် အသုံးချပြီး ဆိုင်ရာအောင်မြင်မှုပန်းတိုင်များဆီသို့ တက်လှမ်းနိုင်ကြပါစေ

Sunday, January 25, 2015

Present Tenses: Simple Present Tense

Forms (တည်ဆောက်ပုံများ)

Affirmative(ရိုးရိုးဝါကျ)
Question(မေးခွန်းဝါကျ)
Negative(အငြင်းဝါကျ)
I work
Do I work?
I do not work
You work
Do you work?
You do not work
He/she/it  works
Does he/she/it work?
He/She/It does not work
We work
Do we work?
We do not work
They work
Do they work?
They do not work
   

Ø          Simple Present Tense မှာ ရိုးရိုးဝါကျ တို့ကို မေးခွန်းဝါကျ၊ အငြင်းဝါကျ ပြုလုပ်လိုလျှင် do/does ဆိုတဲ့ အကူကြိယာကို သုံးရတယ်။

အောက်ပါ ဥပမာ စာကြောင်းမှာတော့ do ဟာ main verb အနေနဲ့ ဆောင်ရွက်တယ်။

What do you do? (=What is your job?)
He is so lazy. He doesn't do anything to help me. (NOT  He doesn't anything...)
        
          အထက်ပါ ဇယားအတွင်းမှ ၀ါကျ တည်ဆောက်ပုံများဟာ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း

first Person/ second person/ third person တဲ့ နာမ်စား အနည်း/အများ တို့ နဲ့ ကြိယာ ပေါင်းစပ်ပုံ တို့ကို ဖော်ပြထားတာ ဖြစ်တယ်။
          တတိယလူနာမ်စား အနည်း(he/she/it) မှာ -s, -z, -x, -ch နဲ့-sh ဆုံရင် အနည်းပြကြိယာကို -es  ပေါင်းထည့်ပေးရမယ်။ ဒါဟာ English grammar ရဲ့ ဥပဒေသပဲလေ။
 (ဥပမာ။        ။ misses, buzzes, fixes, watches, pushes တို့လိုကြိယာ တွေမှာပေါ့) goesနဲ့ does နဲ့ ကတော့ ခြွင်းချက်ပေါ့ဗျာ။
ဒီအပြင် ကျန်တဲ့ ကြိယာတွေမှာတော့ အနည်းပြအတွက် -s ပေါင်းပေးရုံပါပဲ။
consonant(ဗျည်း) –y ဆုံးတဲ့ ကြိယာတွေမှာ တတိယလူ အနည်းပြအတွက် -y ဖြုတ် -ies ပေါင်းထည့်ပေးရမယ်။ (ဥပမာ။    ။ hurries, carries)
တတိယလူနာမ်စား အနည်း(he/she/it)မှာ ကြိယာ–(e)s လိုက်ခြင်းရဲ့ အသံထွက်နဲ့ တတိယလူနာမ်စား အများမှာ အသံထွက်ကတော့ အတူတူပါပဲ။ 

!General Time; ယေဘုယျ ခြုံငုံ ပြောဆိုရာမှာ သုံးတယ်။
               Ø  အခုလက်ရှိအချိန်မှ မဟုတ်ဘူး။ ဘယ်အချိန်မဆို ဖြစ်နှိုင်တယ်။ ထပ်ခါထပ်ခါ ဖြစ်နိုင်သော ၊ကာလသုံးမျိုးစလုံးမှာ မှန်ကန်သော အကြောင်းအရာ အခြေအနေ တို့ကို ဖော်ပြရာမှာ simple present tense ကို သုံးတယ်။ ဒီလို အကြောင်းအရာမျိုးကို ဖော်ပြရာမှာ လက်ရှိပြောနေတဲ့ အချိန်မှာ ဖြစ်ပျက်နေခြင်း ရှိ၊ မရှိ ကအရေးမကြီးဘူး။
အောက်က ဥပမာကို ကြည့်ပါ။ ရှင်းသွားပါလိမ့်မယ်။

Nurses look after patients in hospitals.                                                
I usually go away at weekends.                                                         
The earth goes  round the sun.


@Momentary Actions;
  Ø ယခုလက်ရှိ လှုပ်ရှားဆောင်ရွက်မှု ဆိုင်ရာ အကြောင်းခြင်းရာတွေကို ဖော်ပြရာမှာ   သုံးတယ်။ အချိန်တိုအတွင်းမှာဖြစ်ပျက်သွားသော ကိစ္စတွေ(အထူးသဖြင့် အားကစားသတင်း ကြေငြာချက်များမှာ အတွေ့ရများတယ်။ )ကို ပြောဆိုရာမှာ simple present tense ကို သုံးတယ်။
  ဥပမာ။         ။   
Suarez passes to Messi, Messi to Neymar, Neymar back to Messi ...and  Messi shoots---and it's a goal!!!                                               
ဆွာရက်က မက်ဆီ ဆီကို ကျော်ပေးလိုက်တယ်။ မက်ဆီက နေမာ ဆီကို ပေးတယ်။ နေမာက မက်ဆီကို ပြန်ပေးတယ်။ မက်ဆီရှူးတယ်၊ ဂိုးတယ်ခင်ဗျာ။
Highlight ပြထားသော ကြိယာတွေဟာ simple present tense တွေပဲ ဖြစ်တယ်။

           

#Habitual Actions;
Ø  လုပ်လေ့လုပ်ထ ရှိတဲ့ ပြုမူဆောင်ရွက်မှုတွေကို ဖော်ပြရာမှာ simple present tense ကို သုံးတယ်။
ဥပမာ။       ။   I get up at 6 o' clock every morning. (NOT I'm getting...)
        Ann doesn't drink tea very often.
       In summer John usually plays tennis once or twice a week.
  
       Ø Habitual action တွေကို ဖော်ပြတဲ့အခါမှာ Frequency preverb adverb (sometimes,often, always) ဆိုတဲ့ ကြိယာရှေ့တွဲ ကြိယာဝိသေသန တွေပါလေ့ရှိတယ်။

$I promise/ I apologise etc;
  Ø  တခါတရံ အကြောင်းအရာ တစ်ခုကို ပြောဆိုရာမှာ တချို့ ကြိယာတွေကို သုံးကြရတယ်။
 ဥပမာ ။     ။ ကျနော် တောင်းပန်ပါတယ်။ ကျနော် ဂတိပေးပါတယ်။ ဆိုတဲ့ ၀ါကျမျိုးမှာ simple present tense ကို ပဲသုံးတယ်။
အောက်ပါစာကြောင်းတို့ကို ကြည့်ပါ။
I promise I won't be late. (NOT I'm promising...)
What do you suggest I do?   I suggest that you....

အထက်ပါ စာကြောင်းတွေလို ပါပဲ I advise./ I insist../I agree.../ I refuse.../ဆိုတဲ့ ဖော်ပြချက်၊ ပြောဆိုချက်တွေမှာလည်း အတူတူပါပဲ။

*** Actions around now;                                                                                            ယခုလက်ရှိအချိန်မှာ တစ်ခုခု ဆောင်ရွက်နေတဲ့ longer action တွေ၊ situation တွေကို ဖော်ပြရာမှာ simple present tense ကို မသုံးဘူး။ Present continuous (Progressive) ကိုပဲ သုံးတယ်။
What are you doingI'm listening to the radio. (NOT I listen...)

%Mental activities; စိတ်ခံစားမှုပြ ကြိယာများ
  v  တချို့ အနည်းငယ်သော စိတ်ခံစားမှုပြ ကြိယာ(verb) တွေဟာ Present continuous form အနေနဲ့ မသုံးကြပါဘူး။
I like this music. (NOT  I am liking this music.)

Present continuous form အနေနဲ့ မသုံးတဲ့ ကြိယာ အများစုဟာ စိတ်ခံစားမှုကို ဖော်ပြတဲ့ စကားလုံးတွေ ဖြစ်ကြတယ်။ အောက်ပါစာကြောင်းတို့ကို နှိုင်းယှဉ် လေ့လာကြည့်ပါ။
I see what you mean. ကျနော် ခင်ဗျား ဘာဆိုလိုတယ်ဆိုတာ သိပြီ။ (စိတ်ခံစားမှုကို ပြတာ)
I am seeing the doctor at 8 o' clock. ကျနော် ၈နာရီမှာ ဆရာဝန်ကိုရှာနေ၊ ဆရာဝန်နဲ့ တွေ့နေတယ်။(ဆောင်ရွက်မှုကို ပြတာ)

စိတ်ခံစားမှုပြ ကြိယာ နမူနာများ--know/ think/ believe/like/ dislike/ hate/ want/ wish/ surprise
အာရုံခံစားမှုပြ ကြိယာများ -- see/ hear/ smell/ taste/ feel
  v  မှတ်ချက်။    ။အထက်ပါ ကြိယာများဟာ ၀ါကျမှာ  စိတ်ခံစားမှုကို ပြနေလျှင် Present continuous form ကို  မသုံးပါ။

Ø  ၎င်း အာရုံခံစားမှုပြ ကြိယာ -- see/ hear/ smell/ taste/ feel တို့ကို လက်ရှိအခိုက်အတန့် continuous meaning ကို ပေါ်လွင်အောင် ဖော်ပြချင်ရင်တော့ အကူကြိယာ can နဲ့ တွဲဖက်ပြီး သုံးရတယ်။
I can see Marlar coming. (NOT I am seeing...) ကျနော် မာလာ လာနေတာကို မြင်နေရပြီ။
I can hear somebody coming up the stairs. လှေကားက တစ်ယောက်ယောက် တက်လာတာကို ကျနော် ကြားနေရတယ်။

  v  သို့သော် see ကိုတော့ continuous form အနေနဲ့ သုံးတယ်။ အဓိပ္ပါယ်ကတော့ တွေ့တယ်၊ မြင်တယ် မဟုတ်ဘူး။ အနာဂတ် ကာလမှာ တစ်ခုခု အစီအစဉ် ရှိတယ် ဆိုတာကို ဖော်ပြရာမှာ သုံးတယ်။
I am seeing the manager tomorrow. (Future Tense)

^Future meaning;
  v  အနာဂတ်ကာလ အတွက် ပြောဆိုရာမှာ simple present tense ကိုပဲ အောက်ပါအတိုင်း သုံးပါတယ်။
       Ø  After conjunctions: စကားဆက်တွေရဲ့ နောက်မှာ
I'll phone you when I come back.(NOT I'll come..) ငါ အိမ်ပြန်ရောက်ရင် မင်းကို ဖုန်းဆက်မယ်။
I'll always love you whatever you do.မင်းဘာလုပ်လုပ် ငါမင်းကို ချစ်နေမှာပါ။   
 Ø  ကြိုတင် timetableတွေ အစီအစဉ်တွေကို ပြောကြတဲ့ အခါ
The train arrives at 7:45. ၇နာရီ၄၅မိနစ်မှာ ရထားဆိုက်မယ်။
I start work tomorrow. ငါ မနက်ဖြန် အလုပ်စမယ်။                                 

 Ø  အစီအစဉ်မဟုတ်တဲ့ အခြားကိစ္စ တွေမှာတော့ simple present tense ကို မသုံးဘူး။  Present continuous ကိုပဲ သုံးတယ်။
Are you going out tonight? (NOT Do you go out tonight?..)

No comments:

Post a Comment