
Verb အများစုကတော့ မိသားစုဝင် ၅ဦး ရှိကြပါတယ်။ (e.g,
break)
break/breaks /broke /broken /breaking
have မှာ မိသားစုဝင်
၎ဦးပါ။ ( have /has /had /having)
Put လို ကြိယာမှာတော့ မိသားစုဝင် ၃ဦး ရှိပါတယ်။ (put /puts /putting) (V1,V2,V3 တူ)
မိသားစုဝင်နှစ်ဦးထဲရှိတာ can နဲ့ will လို အကူကြိယာတွေပါ။
(can /could နဲ့ will /would)
(can /could နဲ့ will /would)
မိသားစုမရှိဘဲ တစ်ကိုယ်ကြီး လူပျိုကြီးကြိယာကတော့ must
ပါပဲ။
အဲဒီ ကြိယာတွေဟာ ဝါကျမှာ သူတို့လုပ်နိုင်တဲ့ စွမ်းရည်တွေ
မတူညီကြဘူးလို့ ဆိုချင်တယ်။ Tenseတွေ ဖြစ်ပေါ်လာစေဖို့ တစ်ချို့က သီးခြားရပ်တည်နိုင်တယ်။
တစ်ချို့ကတော့ သီးခြား မရပ်တည်နိုင်ဘူး။ တစ်နည်းအားဖြင့် Subject နဲ့ Predicate ပေါင်းစပ်လိုက်ရင်
sentence ဖြစ်လာတယ်။ Predicate ဖြစ်ပေါ်လာအောင် သီးခြားရပ်တည်နိုင်တဲ့အုပ်စုကို
Finite verb တွေလို့ ခေါ်ပြီး သီးခြားမရပ်တည်နိုင်တဲ့အုပ်စုကို Non-finite verb တွေလို့
ခေါ်တယ်။ ဒါကြောင့် သီးခြားရပ်တည်နိုင်တဲ့၊ (Simple present tense နဲ့ Simple past
tense)တွေကို ဖြစ်ပေါ်စေတဲ့ verb တွေဟာ Finite verb တွေဖြစ်တယ်။ ကျန်တဲ့ Tense တွေကို
ဖြစ်ပေါ်စေတဲ့ Verb တွေကတော့ ပေါင်းစပ်ဖွဲ့စည်းရတာဖြစ်လို့ Non-finite verb တွေလို့
ခေါ်တယ်။ ပေါင်းစပ်လိုက်မှ အဓိပ္ပါယ် ပြည့်စုံသွားတာလေ။ နောက်ပြီး present infinite ဖြစ်တဲ့
to give ဟာလည်း non-finite verb ပါပဲ။
e.g: I want to give him a book. (Not- I to give)
အဲဒီတော့ Finite verb တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့
Simple Past Tense ကို သွားကြစို့။ Simple Past Tense ကို မြန်မာလိုအရင်လေ့လာကြည့်ရင်
မြန်မာဝါကျမှာ ကြိယာနောက်ဆက်ဟာ ခဲ့သည်/ ခဲ့၏/
ခဲ့တယ် နဲ့ အဆုံးသတ်တယ်။ (မနေ့က ကျွန်တော်သည် မန်းလေးသို့ သွားခဲ့သည်) ဒါပေမဲ့ စကားပြောရာမှာကျတော့
( ခဲ့ ) ကို မြှုပ်ပြောကြတယ်။ သေချာလေ့လာကြည့်ပါ။ (မနေ့က ကျနော် မန်းလေး သွားတယ် /
အရင်တစ်ပတ်လောက်က သူ့ကို ကျနော် မြင်လိုက်ပါတယ်./ အဲဒီတုန်းက ကျနော် သူတို့ကို ဈေးထဲမှာ
တွေ့တာပါ…စသည်ဖြင့်ပေါ့ ) အတိတ်အကြောင်း ပြန်ပြောမှန်းသိရတာကတော့ (မနေ့က ၊ အဲဒီတုန်းက)
ဆိုတဲ့ အချိန်ပြပုဒ်တွေကြောင့်ပေါ့။
Simple
Past Tense အသုံးတွေကတော့ သိပ်ကို ရိုးရှင်းပါတယ်။
A >>> အတိတ်က ပြုမူဆောင်ရွက်ခဲ့မှုတွေကို
ဖော်ပြရာမှာ
အင်္ဂလိပ်စာမှာလည်း အဲဒီလိုပါပဲ။ (yesterday, last week, then, four years ago,
in 1970 ) တို့လို အချိန်ပြ ကြိယာဝိသေသနတို့နဲ့ တွဲဖက်ပြီးတော့ Simple Past Tense ကို
သုံးတယ်ဆိုတာ Present Perfect Tense မှာ ဖော်ပြခဲ့ပြီးပြီနော်။
I saw Sandi yesterday.
Kyaw Kyaw was ill last week.
She died four years ago.
Kyaw Kyaw was ill last week.
She died four years ago.
တစ်ခါတစ်ရံ ကျတော့လည်း အတိတ်ကို ပြောနေမှန်း နားလည်ပြီးသား
ဆက်စပ်စာကြောင်းတွေကို ဖော်ပြရာမှာ အချိန်ပြပုဒ်တွေ မပါတာလည်း ရှိပါတယ်။
Thousands of football fans packed into the stadium to watch the
match.
Yesterday, Aung Aung expected TO BE MET at
the party.
(မနေ့က
ပါတီပွဲမှာ သူ့ကို လာတွေ့ဖို့ အောင်အောင်က မျှော်လင့်ခဲ့တယ်။) လာတွေ့မှာ ဘယ်သူလဲဆိုတာ
ပြောသူရော၊ ကြားနာသူပါ နားလည်ပြီးသား။ အဓိကနေရာက မဖော်ပြတော့ဘူး။ (သူ့ကို) ပဲ အဓိကထားပြီး
ကံသံ(passive voice) နဲ့ ဖော်ပြတာဖြစ်တယ်။ >>> Active / Passive အကြောင်းကို
အရင်ပို့စ်မှာ ရေးသားထားပါတယ်။
ဒီစာကြောင်းမှာဆိုရင် အရင် post မှာ ပြောခဲ့တဲ့
passive infinitive (V2+to be+V3) ပုံစံလေးကို ပြန်လည်ညွှန်းဆို ဖော်ပြတာ ဖြစ်ပါတယ်။
Simple Past Tense အကြောင်းပြောနေတာ ဖြစ်လို့ EXPECTED ဆိုတဲ့ V2 သုံးလိုက်တာပါ။
passive
gerund ဥပမာလေးလည်း တစ်ခါတည်း လေ့လာကြည့်ပါအုံး။
No-one enjoyed being criticized.
(ဝေဖန်ခံရတာကို ဘယ်သူမှ မနှစ်သက်ခဲ့ကြဘူး။) သို့ (သူတို့ကို ဝေဖန်တာကို ဘယ်သူမှ
မနှစ်သက်ကြဘူး။) ဝေဖန်ခံရတဲ့ (သူတို့ကို)ကို အဓိကထားပြီး passive voice နဲ့ ဖော်ပြတာဖြစ်တယ်။
ဒီစာကြောင်းမှာက Simple Past Tense ကို passive gerund (V2+being+V3) နဲ့ တွဲပြီး ဖော်ပြလိုက်တာပါ။
Passive
voice လေးတွေ ပြန်လည်ဖော်ပြပြီးပြီဆိုတော့ Simple Past Tense အကြောင်းဆက်ပါမယ်။
B >>> အတိတ်က ဖြစ်ပျက်(နေ)မှုတွေ
ဖော်ပြရာမှာ
While
they danced (were dancing), we sang (were singing).
C >>> အတိတ် လုပ်လေ့လုပ်ထ
ရှိခဲ့တဲ့ ဆောင်ရွက်မှုတွေကို ဖော်ပြရာမှာ
He
studied ( used to study) many hours everyday.
D >>> ပြန်ပြောပြတဲ့
ပုံပြင်၊ ဇာတ်လမ်းလို အကြောင်းအရာတွေ ဖော်ပြရာမှာ
Once
upon a time there was a princess who lived with her father.
Note:
ဒီစာကြောင်းလေးဟာဆိုရင် အဓိကစာကြောင်းကို မှီခိုစာကြောင်းကလာဆက်လိုက်ရင် Tense တွေ
လိုက်လျောညီထွေ ဖြစ်ရမယ်ဆိုတာ ဖော်ပြထားတာ ဖြစ်တယ်။ ဆိုင်ရာ သင်ခန်းစာရောက်မှ ပြည့်စုံစွာ
ဖော်ပြပါမယ်…
E >>> အတွေး၊ စိတ်ကူး၊တွေကို
ဖော်ပြတဲ့နေရာမှာ Past form ကိုသုံးတယ်။ အတိတ်ကာကို
ဆိုလိုတာချည်း မဟုတ်ဘူးနော်။ ဒီအကြောင်းကိုလည်း
Conditional clause တွေအကြောင်း
ပြောမှ အသေးစိတ်ဖော်ပြပါ့မယ်။ ဥပမာ။ ။
If
I were you, I wouldn't buy that coat. (or) If I was you,…..
(ငါသာမင်းဆိုရင် အဲဒီကုတ်အင်္ကျီကို မဝယ်ဘူး။)
Past form မှာ -ed နဲ့ ဆုံးရင် regular verb လို့ ခေါ်ပြီး
-ed နဲ့ မဆုံးတဲ့ (wrote / saw စသည့်) verb တွေကို irregular verb လို့ ခေါ်ပါတယ်။ ဒီအကြောင်းကိုတော့
မိတ်ဆွေတို့ကိုယ်တိုင် လေ့လာကြည့်လိုက်ပါလို့ ပြောကြားရင်း Past Tense ကဏ္ဍကို နိဂုံးချုပ်ပါတယ်….
No comments:
Post a Comment