ကျနော်ရေးသားနေသော အကြောင်းအရာတို့ကို လှေခါးထစ်သဖွယ် အသုံးချပြီး ဆိုင်ရာအောင်မြင်မှုပန်းတိုင်များဆီသို့ တက်လှမ်းနိုင်ကြပါစေ

Monday, February 1, 2016

skill လေးမျိုးအပေါ် စာရေးသူရဲ့ အမြင်

ကျနော့် fan တွေလည်းများလာပြီဆိုတော့ LIKE လုပ်ကြတဲ့သူတို့ အတွက် တစ်ခုခုတော့ ရေးအုံးမှပဲ ဆိုပြီး ဒီ Post လေးကို ရေးလိုက်ရပါတယ်။ ကျနော်တပ်ထားတဲ့ Page Title Description က Grammar knowledge sharing ဆိုတော့ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း အင်္ဂလိပ်စာ လေ့လာလိုက်စား သူတို့အတွက် READING,WRITING,LISTENING,SPEAKING ဆိုပြီး skill လေးမျိုးရှိတဲ့နေရာမှာ grammar ပိုင်းကိုပဲ အဓိကထားပြီး ဖော်ပြသွားမှာပါဖြစ်လို့ READING နဲ့ WRITING ပိုင်းကို အသားပေးသွားမယ် ဆိုရင် မှားမယ် မထင်ပါဘူး။



ကျနော်လေ့လာဖူးတဲ့ ဒီ website မှာ ဆိုရင် grammar knowledge အခြေခံရှိသူအတွက် speaking လေ့လာရာမှာ အခက်အခဲ ဖြစ်စေတယ် ဆိုပဲ။ ဘာလို့လဲဆိုတော့ grammar knowledge အခြေခံရှိသူ တစ်ယောက်ဟာ ဝါကျလေးတစ်ကြောင်းလောက် ပြောလိုက်ဖို့ကို grammar ရဲ့ rule တွေ logic တွေ နဲ့ ကိုက်မှ ကိုက်ပါ့ မလားလို့ စဉ်းစားနေလို့ ပဲတဲ့။ grammar အခြေခံ မရှိသူကတော့ အဲဒီ ဥပဒေသတွေ စဉ်းစားစရာမရှိတော့ နှုတ်ထွက်တွေ ရဲနေတော့တာပေါ့။(speaking သိပ်ကောင်းနေတဲ့သူကို grammar knowledge မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော် )သူ့ mother tongue ကိုပြောနေကြတဲ့ အင်္ဂလိပ်ကြီးတွေကိုယ်တိုင် WRITING မှာကျတော့ သဒ္ဒါနည်းကျ ရေးနိုင်ချင်မှ ရေးနိုင်တာ။    ကျနော်တို့အားလုံး မိခင်ဘာသာကို ငယ်ငယ်လေးထဲက ပြောနိုင် ၊ပြောတတ် လာဖို့ သဒ္ဒါကို အရင်သင်နေဖို့ မလိုဘူးလေ။ လူကြီး၊ မိဘတွေ ပြောတာကို မှတ်သား ၊ အဲဒီ ဝါကျမျိုးနဲ့ ခပ်ဆင်ဆင်တွေကို ကော်ပီပွားပြီး ပြောလိုက်ကြတာပဲ မဟုတ်လား။

ဆိုလိုချင်တာက SPEAKING ကောင်းဖို့ grammar rule တွေ သိနေဖို့ မလိုဘူး။ SPEAKING skill အတွက် အဓိက က (memorize and copy )ပဲ။ SPEAKING ကျွမ်းကျင်ဖို့ အဆိုပါ website မှာ ရေးထားတဲ့ စာသားကို ပြန်လည် ညွှန်းဆိုချင်တယ်။ " When you speak English, you don't need to know any rules. The more rules and logic you think about, the harder time you will have. The best way to learn to speak English is to memorize. First, have a sentence that is correct. Listen to the sentence, repeat the sentence over and over again until it becomes a part of you." တဲ့။ (ဒီစာကြောင်းကို တွေ့လိုက်လို့ grammar rule တွေ သိနေရင် SPEAKING အတွက် အနှောက်အယှက် ဖြစ်တော့မှာပဲ။ Grammar သိစရာ မလိုတော့ပါဘူးကွာလို့ မယူဆ စေလိုပါ။ ) ကိုယ်ကိုယ်တိုင် စုစည်းကျစ်လစ်တဲ့ စာပေတွေ WRITING လုပ်နိုင်ဖို့၊ (အင်္ဂလိပ်စာ ရေးသားရာတွင် သဒ္ဒါ  နည်းမှန်ကန်ရပါသည်.) စာရေးဆရာတွေ ရေးသားထားတဲ့ စာပေတွေကို ဖတ်နိုင်ဖို့ Grammar ကို ကျွမ်းကျင် ပိုင်နိုင်ရန် လိုအပ်ပါတယ်။

အင်္ဂလိပ်စာလေ့လာလိုက်စားသူတို့အတွက် READING,WRITING,LISTENING,SPEAKING ဆိုပြီး skill လေးမျိုးရှိတဲ့နေရာမှာ SPEAKING ကောင်းဖို့ Grammar rule တွေကို သိဖို့ မလိုဘူး။ မှန်ကန်တဲ့ ပြောဟန် ဆိုဟန်ကို LISTEN လုပ်ပြီး အဲဒီ ဝါကျကိုပဲ ကိုယ်ပိုင်ဝါကျ ဖြစ်လာတဲ့ အထိ ထပ်ခါထပ်ခါ SPEAK လုပ်ဖို့ပါပဲ။ ဒါကြောင့် SPEAKING ကောင်းဖို့ native speaker တွေနဲ့ များများထိတွေ့ ပြီး LISTENING , SPEAKING စွမ်းရည်တွေ တိုးတက်အောင် လေ့ကျင့်ဖို့ အတွေ့အကြုံရှိတဲ့ ဆရာကြီးတွေ အကြံပေးကြတာပေါ့။

ဒါကြောင့် ကျနော့် Blog စာမျက်နှာကို ဖတ်ရှုကြရတဲ့ မိတ်ဆွေအပေါင်းတို့ ခင်ဗျား....

မြန်မာ့စာပေမှာ နိုင်ငံတကာ အဆင့်မီတာတွေ အများကြီးရှိတယ်။ ကျနော့်အထင် မြန်မာဘာသာစကားဟာ ပါဠိသက်စကားတွေ အများကြီး ပါဝင်နေတာ ဖြစ်လို့ တခြားဘာသာစကားတွေထက် ပိုပြီး ဝေါဟာရ ကြွယ်ဝလောက်တယ်။ ဒီစာပေတွေကို Internatiional language ဖြစ်တဲ့ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီး ကမ္ဘာကို ချပြနိုင်အောင် ကြိုးစားကြရမှာ ကျနော်တို့ အားလုံးရဲ့ တာဝန်ပဲ။ အဲဒီလို ဖန်တီးနိုင်ဖို့ သူတို့ရဲ့ နမူနာ ဂန္ဓဝင်စာပေတွေကို လေ့လာနိုင်အောင် READING ကောင်းရမယ်။  

မိမိကိုယ်တိုင်  ခွန်အားရှိတဲ့ စာကို (WRITING) ရေးသားနိုင်ဖို့ Grammar rule တွေကို သိကိုသိရမယ်။ သိထားတဲ့ အတိုင်း တည်ဆောက်ပုံ မှန်ကန်တဲ့ သဒ္ဒါနည်းကျနတဲ့ စာပေတွေကို ရေးသားကြရမှာပဲ ဖြစ်တယ်။ ဒါဟာ ဒီဘလော့လေးရဲ့ ပထမရည်ရွယ်ချက်။ အခုလို ITခေတ်မှာ အင်တာနက်ဟာ ပညာရပ်ပေါင်းစုံ အစုအဝေးကြီးဆိုတာ အားလုံးအသိပဲ။ ပညာရပ်တွေ၊ ပြဿနာဖြေရှင်းနည်းတွေကိုလည်း International language ဖြစ်တဲ့ အင်္ဂလိပ်စာပေသို့ ပြန်ဆို ရေးသားထားကြတယ်။ အဲဒီလို ရေးသားထားတဲ့ ပညာရပ်တွေကို လေ့လာပြီး ကျနော်တို့အမိ နိုင်ငံတော်ကို ကျေးဇူးပြုနိုင်ဖို့ ဒီ Blog လေးက တစ်ထောင့်တစ်နေရာက အထောက်အကူပြုလို့ရှိရင် ဒုတိယရည်ရွယ်ချက် အထမြောက်တာပါပဲ။

ပြောချင်တာတွေတာ အကုန် ရေးနေရင် စာလေးသွားမှာစိုးလို့ "လိုအပ်တာတွေကို ဝေဖန်ပါ၊ အကြံပြုပါ၊ ဆွေးနွေးပါ "လို့ ရေးသားရင်း ဒီ Post ကို နိဂုံးချုပ်ပါတယ်။


No comments:

Post a Comment