Forms (တည်ဆောက်ပုံများ)
Affirmative(ရိုးရိုးဝါကျ)
|
Question(မေးခွန်းဝါကျ)
|
Negative(အငြင်းဝါကျ)
|
I am working
|
Am I working?
|
I am not working
|
You are working
|
Are you working?
|
You are not working
|
He/She/It is working
|
Is he/she/it working?
|
He/She/It is not working
|
They are working
|
Are they working?
|
They are not working
|
We are working
|
Are we working?
|
We are not working
|
1. Around
Now;
Ø Present continuous (progressive) tense ကို
ယခု ပြောနေတဲ့ အချိန်ပတ်လည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ အခြေအနေတွေကို ဖော်ပြရာမှာ
သုံးတယ်။
Hurry
up! We're all waiting for you! (NOT We all waiting..)
2. Changes;
Ø ပြောနေတဲ့
အချိန်ပတ်လည်မှာ တိုးတက် ပြောင်းလဲလာတဲ့ အခြေအနေတွေကို ဖော်ပြရာမှာလည်း Present
continuous (progressive) tense ကို သုံးရတယ်။
The
population of the world is rising
very fast. (NOT rises...)
The
weather is getting warmer.
Is your English getting better?
You're working hard today. (NOT You work
hard today...)
3. တစ်စုံတစ်ရာကို
အခုပြောနေတဲ့ အတောအတွင်းမှာ လုပ်ဆောင်နေတယ်။ (စတော့လုပ်နေပြီ၊ မပြီးသေး)
Where's
Thi Thi? She's having a bath. (NOT She has a bath)
Please
don't make so much noise. I'm working.
(NOT I work)
Ø တစ်စုံတစ်ရာကို
လုပ်ဆောင်နေတယ်။ (စတော့လုပ်နေပြီ၊ မပြီးသေးဘူး)ဆိုတဲ့ ဖြစ်ရပ်မှာ ပြောနေတဲ့ အချိန်မှာ
ထိုအရာကို အခုလက်ရှိ လုပ်နေခြင်း၊ လုပ်မနေခြင်းဟာ အရေးမကြီးဘူး။ ထိုကိစ္စ လုပ်နေဆဲ၊
မပြီးသေးဘူး ဆိုရင် Present continuous (progressive)
tense ကို သုံးရတယ်။
နဲနဲ ရှုပ်သွားလား။ အောက်က ဥပမာ စာကြောင်းတွေကို လေ့လာကြည့်ပါ။
ရှင်းသွားမှာပါ။
တွမ် နဲ့ အန် ဟာ ကော်ဖီဆိုင်မှာ စကားပြောနေကြတယ်။
I'm
reading an interesting book at the
moment. I'll lend it to you when
I've finished it.
တွမ်ဟာ အခုပြောနေတဲ့ အချိန်မှာတော့ စာအုပ်ကို ဖတ်မနေဘူး။
သူဆိုလိုတာက သူ စတော့ဖတ်နေပြီ၊ မပြီးသေးဘူးပေါ့။ (in the middle of reading ပေါ့ )
နောက်ထပ် ဥပမာလေး တစ်ခုလောက် လေ့လာကြည့်ပါအုံး။
Bo
Bo want to work in England, so he is
learning English.
အခုပြောနေတဲ့ အချိန်မှာတော့ ဘိုဘိုဟာ အင်္ဂလိပ်စာသင်နေတာတော့
ဖြစ်ချင်မှ ဖြစ်ပေလိမ့်မယ်။
4. Future meaning;
Ø အနာဂတ်ကာလအတွက်
ကြိုတင်စီစဉ်ထားသော ပြုမူဆောင်ရွက်မှုတို့ကို ဖော်ပြချင်တဲ့အခါ Present continuous (progressive) form ကို သုံးတယ်။
What
are you doing this evening? (Future tense; Continuous form)
We're going to Yangon next summer.
I
am having dinner with Pearl on
Sunday.
Ø အနာဂတ်ကာလအတွက်
ကြိုတင်အစီအစဉ်တွေ၊ သေချာပေါက် ဖြစ်ပျက်တော့မဲ့ အကြောင်းအရာတွေကို ဖော်ပြဖို့ရာ going
to +infinitive ကို သုံးတယ်။ (အသေးစိတ်ကို Future Tense ကျမှ ထပ်ရှင်းပါမည်။)
She
is going to have a baby. (ကိုယ်ဝန်ဆောင်
အမျိုးသမီးကို ကြည့်၍)
It
is going to rain. (မကြာမီရွာတော့မည့်
မိုးတိမ်တောင်တို့ကို ကြည့်၍)
No comments:
Post a Comment