ကျနော်ရေးသားနေသော အကြောင်းအရာတို့ကို လှေခါးထစ်သဖွယ် အသုံးချပြီး ဆိုင်ရာအောင်မြင်မှုပန်းတိုင်များဆီသို့ တက်လှမ်းနိုင်ကြပါစေ
Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

Monday, February 15, 2016

အင်္ဂလိပ်စာကို ဘယ်လိုချဉ်းကပ်မလဲ

အခု ကျနော်ရေးမယ့်အကြောင်းအရာလေးက မူရင်း အင်္ဂလိပ်သဒ္ဒါစာအုပ်တွေထဲက ဘာသာပြန်ဆို တင်ပြနေတဲ့ အခန်းဆက်သင်ခန်းစာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာလေ့လာ လိုက်စား သူတို့အတွက် အကျိုးမယုတ်နိုင်လောက်ဘူးလို့ ထင်ပါတယ်။ ရှေ့ပိုင်း post တွေတင်ခဲ့ပါတယ်။ မူရင်းစာအုပ်တွေထဲက အကြောင်းတွေကို မိတ်ဆွေတို့အတွက် အဆင်ပြေနိုင်ဖို့ တတ်နိုင်သလောက် ဘာသာပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အကြောင်းအရာမှာတော့ ကျနော့်အာဘော် သက်သက်သာဖြစ်ပါတယ်ခင်ဗျား။

ပြီးတော့ ဒီအကြောင်းအရာလေးကို အရင်မရေးလိုက်ရတာက လေ့လာသူအားလုံးကိုလည်း အခြေခံသဒ္ဒါအဆင့်လောက်တော့ တော်တော်လေး တီးမိခေါက်မိလောက်ပြီ ထင်လို့လေ။ ဒါကြောင့် ဒီ post ဟာ အင်္ဂလိပ်သဒ္ဒါကို လေ့လာခါစ ညီငယ်၊ ညီမငယ်တို့အတွက် အဓိကရည်ရွယ်ပါတယ်။

Monday, February 1, 2016

skill လေးမျိုးအပေါ် စာရေးသူရဲ့ အမြင်

ကျနော့် fan တွေလည်းများလာပြီဆိုတော့ LIKE လုပ်ကြတဲ့သူတို့ အတွက် တစ်ခုခုတော့ ရေးအုံးမှပဲ ဆိုပြီး ဒီ Post လေးကို ရေးလိုက်ရပါတယ်။ ကျနော်တပ်ထားတဲ့ Page Title Description က Grammar knowledge sharing ဆိုတော့ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း အင်္ဂလိပ်စာ လေ့လာလိုက်စား သူတို့အတွက် READING,WRITING,LISTENING,SPEAKING ဆိုပြီး skill လေးမျိုးရှိတဲ့နေရာမှာ grammar ပိုင်းကိုပဲ အဓိကထားပြီး ဖော်ပြသွားမှာပါဖြစ်လို့ READING နဲ့ WRITING ပိုင်းကို အသားပေးသွားမယ် ဆိုရင် မှားမယ် မထင်ပါဘူး။

Wednesday, June 17, 2015

ကျောင်းသားအများစု ကြောက်ကြပါသည်ဆိုသော Active / Passive

   
  Active voice နဲ့ Passive voice အပြန်အလှန် (Transformation) ကူးပြောင်းပုံက အခုဇယားမှာ ပြထားတဲ့ Form တွေကို အလွတ်ကျက်မှတ်ထားလိုက်ရင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာလို ပြောလိုက်တဲ့၊ ရေးလိုက်တဲ့ ဝါကျကို အင်္ဂလိပ်လို ဘယ်လိုပြန်ရေးမလဲ(သို့မဟုတ်) အင်္ဂလိပ်ဝါကျကို မြန်မာလို ဘယ်လိုပြန်ဆိုမလဲ ဆိုရင်တော့ ကံသံ၊ ကတ္တားသံ (Active voice & Passive voice) တွေကို နားလည်ထားရတော့မယ်။

        သူ့အင်္ဂလိပ်သဒ္ဒါမှာကိုက Voice (အသံ) ကို အဓိကထားပြီး ဖွင့်ဆိုထားတာဖြစ်တယ်။
Wren & Martin ပြုစုတဲ့ High School English Grammar & Composition ထဲက Active / Passive ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကိုးကားချင်ပါတယ်။ Def: "Voice is that form of a verb which shows whether what is denoted by the subject does something or has something done to it." တဲ့။ "(Voice ) အသံဆိုတာ