Forms (တည်ဆောက်ပုံများ)
Affirmative(ရိုးရိုးဝါကျ)
|
Question(မေးခွန်းဝါကျ)
|
Negative(အငြင်းဝါကျ)
|
I
have worked
|
Have
I worked?
|
I
have not worked
|
You
have worked
etc
|
Have
you worked?
etc
|
You
have not worked
etc
|
***** Present Perfect
tense ကို ဘယ်အချိန်မှာ သုံးသလဲဆိုရင် လက်ရှိကာလ နဲ့ ဆက်စပ်နေတဲ့ အတိတ်က အကြောင်းအရာကို
ဖော်ပြချင်တဲ့ အခါမှာ သုံးပါတးယ်။ (ပြီး ၊ဖူး ၊မိ ၊ ပြီ ၊ထား ဆိုတဲ့ ကြိယာ နောက်ဆက်တွေလိုက်တယ်။
) ဥပမာ ။ ။ ရောက်ဖူးတယ်၊ လုပ်မိတယ်၊ စားပြီးပြီ
။
A.
Meaning;
Ø ဖြစ်ပျက်မှု
တစ်ခုခုကို လက်ရှိ ပစ္စုပ္ပန်ကာလကို တစ်ချိန်ထဲ
ဖြစ်ပျက်နေသကဲ့သို့ ဆက်စပ်တွေးခေါ်ကြတယ်။ အဲဒီလို အခြေအနေမျိုးမှာ Present Perfect
sentence ကို ဆိုလိုရင်းတူ Present Tense သို့ ပြောင်းလဲ အသုံးပြုနိုင်တယ်။
ဥပမာ။ ။
I've broken my leg.= My leg is broken now.
(ခြေထောက်ကျိုးသွားပြီ ဆိုတာနဲ့
အခုခြေထောက်ကို အသုံးမပြု နှိုင်တော့ဘူး ဆိုတဲ့ အကျိုးရလဒ် ဖြစ်ပေါ်)
Have
you read the Bible?= Do you know the Bible?
(သမ္မာ
ကျမ်းစာကို ဖတ်ဖူးတယ်ဆိုရင် လက်ရှိကာလမှာ ကျမ်းစာထဲမှ အကြောင်းအရာတွေကို သိသွားပြီဆိုတဲ့
ရလဒ် ဖြစ်ပေါ်)
Ø ဆိုလိုတာက
လက်ရှိကာလနဲ့ ဆက်စပ်နေမှသာ Present Perfect tense ကို သုံးရမှာ ဖြစ်တယ်။ လက်ရှိကာလနဲ့
ဆက်နွယ်နေခြင်းမရှိဘူးဆိုရင် Present Perfect tense ကို မသုံးဘူး။
ဥပမာ။ ။
I
saw Kyaw Kyaw yesterday. (NOT I
have seen ...) (မနေ့က မြင်လိုက်တယ်ဆိုတဲ့ အကြောင်းကို
ပြောတာပဲ၊ လက်ရှိကာလအတွက် ဘာရလဒ်မှ မထုတ်လုပ်ဘူး။)
B.
Finished actions; result now
Ø ပြီးဆုံးသွားပြီ
ဖြစ်တဲ့ အကြောင်းရာတွေ၊ ဆောင်ရွက်မှုတွေ ကို
ဖော်ပြရာမှာ Present Perfect tense ကိုသုံးတယ်။ အဲဒီ ပြီးဆုံးသွားတဲ့ အကြောင်းအရာတွေဟာ
အကျိုးဆက် အနေနဲ့ လက်ရှိကာလအတွက် ရလဒ်တစ်ခုကို ဖြစ်ပေါ်စေပါတယ်။ (See Fig 1.1)
C. News;
Ø သတင်းကြေငြာချက်တွေမှာ
Present Perfect tense ကို သုံးလေ့ရှိတယ်။
ဥပမာ။ ။
The pound has fallen against the dollar.
The
Prime Minister has said that the
government's economic policies are working.
The
number of unemployed has reached
five million.
D. Repeated actions up to now;
Ø ယခုအချိန်အထိ
ထပ်ခါထပ်ခါ ပြုလုပ်လာတဲ့ အကြောင်းအရာကို ဖော်ပြရာမှာ Present Perfect tense ကို သုံးရမယ်။ (See Fig 1.2)
ဥပမာ။ ။
I have written six letters since lunchtime.
How often have you been in love in your life?
E. Actions and States continuing up to now;
အတိတ်က စတင်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ၊ အကြောင်းအရာတွေဟာ
လက်ရှိအချိန်မှာ ဆက်လက်ဖြစ်ပျက်နေသေးတယ်ဆိုရင် Present Perfect tense ကို သုံးတယ်။ (See Fig 1.3)
*** Note: Present Perfect continuous tense ကိုလည်း ဒီလို
အခြေအနေမှာ သုံးနိုင်တယ်။ ကွဲပြားချက်က
Present Perfect continuous tense ကို ယာယီ အခြေအနေတွေမှာ
သုံးပြီး Present Perfect tenseကို တော့ ပိုမို ရှည်ကြာတဲ့ အချိန်ရပ်တည်ချက်တွေကို
ပြဆိုရာမှာ အသုံးပြုတယ်။ ပိုမိုရှင်းလင်းသွားအောင် အောက်ပါ ဥပမာစာကြောင်းလေးတွေ လေ့လာကြည့်လိုက်ကြရအောင်။
ဥပမာ။ ။
The man has been standing on the corner all day.
(continuous )
For 900 years, the castle has stood on the hill above the village. (simple )
For 900 years, the castle has stood on the hill above the village. (simple )
I haven't been working well recently. (continuous )
He hasn't worked for years. (simple )
He hasn't worked for years. (simple )
(See Fig 1.4)
F. အောက်ပါ ဖော်ပြချက်တွေမှာ Present Perfect Tense ကို
သုံးရတယ်။
This/ That/ It is the first/ second/ third time etc
This/ That/ It is the only …
This/ That/ It is the best/ worst/ most interesting etc
This/ That/ It is the only …
This/ That/ It is the best/ worst/ most interesting etc
ဥပမာ။ ။
This is the first time
that I have heard her sing. (NOT that I hear her sing…)
That is the third time you've asked me that question. (NOTthe third time you ask
me..)
It's one of the most interesting books I've ever read.
That is the third time you've asked me that question. (NOT
It's one of the most interesting books I've ever read.
အတိတ်အကြောင်းကို ပြောပြတဲ့အခါမှာ
အထက်ပါ ဖော်ပြချက်မျိုးသုံးတယ်ဆိုရင် Past Perfect Tense နဲ့ ရေးသားရမယ်။
ဥပမာ။ ။
It was the third time
he had been in love that year. (NOT the third time he was…)
G. အရင် တစ်ချိန်ချိန်က တစ်ခုခုကို
လုပ်ဖူးတယ်၊ မလုပ်ဖူးဘူး ဆိုတဲ့ ပြောကြားချက်တွေမှာ Present Perfect Tense ကို အသုံးပြုတယ်။
never / ever / yet / already ဆိုတဲ့ ကြိယာဝိသေသနတွေ တွဲဖက် ပါလိမ့်ရှိတယ်။
ဥပမာ။ ။
I've never seen a ghost.
Has Thidar come yet? Yes, she has already arrived.
Have you ever met him before?
H. Present Perfect not used;
1. (yesterday, last week, then, four years ago,
in 1970 ) တို့လို ပြီးဆုံးချိန်ပြ ကြိယာဝိသေသန တို့နှင့် တွဲဖက်ပြီးတော့ Present
Perfect Tense ကို မသုံးဘူး။
ဥပမာ။ ။
I saw Sandi yesterday. (NOT I
Kyaw Kyaw was ill last week. (NOT Kyaw Kyaw
He was born in 1970. (NOT He
2. ပြန်လည်ပြောပြတဲ့ အကြောင်းအရာတွေကို ဖော်ပြရာမှာ
Present Perfect Tense ကို မသုံးဘူး။
ဥပမာ။ ။ Simple Past Tense ကိုပဲ သုံးရပါတယ်။
I spent all my childhood in Shwebo.
Phoe Toke broke a window last night.
No comments:
Post a Comment