ကျနော်ရေးသားနေသော အကြောင်းအရာတို့ကို လှေခါးထစ်သဖွယ် အသုံးချပြီး ဆိုင်ရာအောင်မြင်မှုပန်းတိုင်များဆီသို့ တက်လှမ်းနိုင်ကြပါစေ

Monday, February 15, 2016

PERFECT TENSE တို့၏ ကွဲလွဲချက်များကို အသေးစိတ် လေ့လာကြည့်ခြင်း

၎င်းတို့ရဲ့ ကွဲလွဲချက်ကို Present Perfect Tense (Fig 1.4) မှာ အနည်းအကျဉ်း ပြောပြထားခဲ့ပါတယ်။ ဒီ post မှာတော့ ကွဲလွဲချက်တို့ကို အသေးစိတ်လေ့လာ ကြည့်ကြရအောင်။

A. ပြုမူဆောင်ရွက်ချက်ကို အဓိကထားပြောဆိုမယ်၊ ဆောင်ရွက်မှု ပြီးမြောက်ခြင်း ရှိ မရှိဟာ အရေးမကြီးဘူး ဆိုတဲ့ အသုံးအနှုန်းမျိုးမှာ Present Perfect Continuous Tense ကို သုံးပြီး ဆောင်ရွက်မှုရဲ့ အကျိုးရလဒ်၊ ပြီးခြင်း မပြီးခြင်းကို အဓိကထား မေးမြန်းပြောဆိုရာမှာတော့ Present Perfect Simple ကိုသုံးရတယ်။
ဥပမာ။           ။
ရိုစီ ရဲ့ အင်္ကျီမှာ ဆေးတွေပွနေတယ်။ တစ်နည်းအားဖြင့် ဆေးသုတ်လက်စ တန်းလန်း ပဲဖြစ်နေတယ်၊ ဆောင်ရွက်မှုကို အဓိကထား ပြောဆိုချင်တဲ့ အခါမျိုးမှာ Present Perfect Continuous Tense ကို သုံးတယ်။


Rose has been painting the ceiling.
အစက အခန်း ceiling က အဖြူရောင်၊ အခု ရိုစီ ဆေးသုတ်လိုက်တာ ပြီးသွားလို့ အပြာရောင် ပြောင်းသွားပြီ။ ဆောင်ရွက်မှုရဲ့ အကျိုးကို အဓိကထားပြောဆိုတာဖြစ်လို့ ရိုးရိုး Present Perfect Simple ကို သုံးတယ်။
Rose has painted the ceiling.
(Fig 1.6) ထဲက ဥပမာစာကြောင်းတွေကို ဆက်လက် နှိုင်းယှဉ် လေ့လာကြည့်ပါ။ 



B. ဆောင်ရွက်မှုတစ်ခုကို အချိန်ဘယ်လောက်ကြာကြာ ဖြစ်ပျက်လာခဲ့ပြီဆိုတာ ဖော်ပြချင်တဲ့ အခါ(သို့) ဘယ်လောက်ကြာအောင် ဖြစ်ပျက်လာခဲ့ပြီလဲ ဆိုတာကို မေးချင်တဲ့ အခါ Present Perfect Continuous Tense ကို သုံးတယ်။ (အချိန်ကို ပြောကြားချင်ရင်လို့ အတိုကောက် မှတ်သားနိုင်ပါတယ်)
We have been playing tennis since 2 o'clock.

*** ပြီးဆုံးသွားပြီဖြစ်တဲ့ဖြစ်ပေါ်ဆောင်ရွက်မှုတွေမှာ အကြိမ်အရေအတွက် ဘယ်လောက်များများ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို မေးချင်တဲ့အခါ(သို့) ပြောချင်တဲ့အခါမှာ Present Perfect Simple ကို သုံးရတယ်။ (အရေအတွက်ကို ပြောကြားချင်ရင်လို့ အတိုကောက် မှတ်သားနိုင်ပါတယ်)
We have played tennis three times this week.
(Fig 1.7) ထဲက ဥပမာစာကြောင်းတွေကို ဆက်လက် နှိုင်းယှဉ် လေ့လာကြည့်ပါ။


C. How long have you been…?
အကြောင်းအရာ၊ အဖြစ်အပျက်တစ်ခုဟာ အတိတ်ကာလက စတင်လာခဲ့ပြီး အခုလက်ရှိအချိန်အထိ ဆက်လက်ဖြစ်ပေါ်နေသေးတယ် ဆိုရင် Present Perfect Simple ကိုသုံးရတယ်လို့ ရှေ့ပိုင်းမှာ ရှင်းပြခဲ့ပါတယ်။ ဖြစ်ပျက်ခဲ့တာ ဘယ်လောက်ကြာပြီလို့ ပြောကြ၊ ရေးကြတယ်လေ။
ဥပမာပြောမယ်ဗျာ…
ဦးဘ နဲ့ ဒေါ်မြဟာ အိမ်ထောင်သည်တွေ။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်၂၀ တိတိက လက်ထပ်ခဲ့ကြတာ။ ဒီနေ့ဟာဆိုရင် သူတို့ရဲ့ ၂၀ကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ပဲ။ သူတို့ လက်ထပ်ထားတာ နှစ်၂၀ရှိပြီ။ အဲဒါကြောင့် tense မှန်မှန်နဲ့ ဒီလို ဖော်ပြရမယ်။ (Fig 1.8)


အထက်ပါ အကြောင်းအရာတွေဟာ Simple Present Tense နဲ့ Present Perfect Tense ကို နှိုင်းယှဉ်ပြတာဖြစ်ပါတယ်။ အောက်ပါ ဥပမာလေးတွေလည်း ဆက်လက်လေ့လာကြည့်ပါအုံး။

Kyaw Kyaw is in hospital.  
He has been in hospital since Monday. (NOT- He IS in hospital since Monday.)
We know each other very well.
We have known each other for a long time. (NOT- We know )
Are you waiting for somebody?
How long have you been waiting?

D. I have done (or) I have been doing
အတိတ်ကစတင်ဖြစ်ပေါ်လာပြီး အခုအချိန်ထိ ဆက်လက်ဖြစ်ပေါ်နေသေးတယ် (သို့) ရပ်သွား ခါစရှိသေးတယ် ဆိုတဲ့ ဖြစ်ရပ်တွေမှာ PERFECT TENSE တွေ သုံးတယ်ဆိုတာ အားလုံးသဘောပေါက်ကြပြီလို့ ယူဆပါတယ်။ ကွဲလွဲချက်လေးတွေကို ဆက်ပြီး လေ့လာကြည့်ကြရအောင်နော်…

>>> How long / since / for တွေပါတဲ့ ဝါကျတွေမှာ continuous form ကို ပိုပြီး သုံးလေ့ရှိတယ်။ (See B)
I have you been learning English for a long time. (NOT USUALLY- I have learnt )

>>> Live / Work ဆိုတဲ့ ကြိယာနှစ်ခုကို သာမန်အားဖြင့် continuous form ရော simple form မှာပါ သုံးနိုင်တယ်။ ဒါပေမဲ့ always ဆိုတဲ့ ကြိယာဝိသေသန များပါလာခဲ့ရင် simple form ကိုပဲ သုံးရမယ်။
ဥပမာလေးတွေ ကြည့်ပါ။
Aung Aung has been living/ has lived in Yangon for a long time.
How long have you been working / Have you worked here?

** Always ပါလာခဲ့ရင်
Aung Aung has always lived in Yangon. (NOT- has always been living)

>>> ထပ်ခါထပ်ခါ အချိန်အကြာကြီးပြုလုပ်လာခဲ့တဲ့ ဆောင်ရွက်မှုတွေကို ဖော်ပြရာမှာ continuous form ရော simple form ရော အသုံးပြုနိုင်တယ်။
I have been collecting / have collected stamps since I was a child.

>>> ( like/ believe/ know)တို့လို တစ်ချို့ verb တွေကတော့ ပုံမှန်အားဖြင့် continuous form အနေနဲ့ မသုံးကြပါဘူး။ ဒီ verb တွေအကြောင်းကို ရှေ့ပိုင်း post မှာ ဖော်ပြပြီး ဖြစ်ပါတယ်။
 How long have you known James? (NOT- have you been knowing)

>>> negative sentence(အငြင်းဝါကျ) တွေမှာတော့ Perfect tense(simple form) ကိုပဲသုံးတယ်။
I HAVEN'T SEEN Tom since Friday.(= Friday was the last time I saw him)
Mg Mg hasn't phoned me for two weeks.



No comments:

Post a Comment