ကျနော်ရေးသားနေသော အကြောင်းအရာတို့ကို လှေခါးထစ်သဖွယ် အသုံးချပြီး ဆိုင်ရာအောင်မြင်မှုပန်းတိုင်များဆီသို့ တက်လှမ်းနိုင်ကြပါစေ

Wednesday, February 17, 2016

Simple Past Tense


ပြောမှာကတော့ Simple Past Tense အကြောင်းပြောမယ်လို့ ခေါင်းစဉ်တင်ထားတာပဲ။ ဒါပေမဲ့ Tense တွေကို အဓိက ဖြစ်ပေါ်လာစေတဲ့ verb တွေအကြောင်းကို နည်းနည်းလေး ပြန်ကောက်လိုက် ချင်သေးတယ်။ Verb လို့ ပြောလိုက်တာနဲ့ စကားလုံးတစ်လုံးတည်းကိုပဲ အမြဲတမ်း မဆိုလိုဘူး။ လူတွေလို သူ့မှာလည်း မိသားစုဝင်တွေရှိတယ်။ မိသားစုဝင် အများဆုံး Verb အုပ်စုကြီးက Verb to Be ပါပဲ။ (is /are /am /was /were /been /being / to be) မိသားစုဝင် အားလုံးပေါင်း ၈ဦးထိ ရှိပါတယ်။

Verb အများစုကတော့ မိသားစုဝင် ၅ဦး ရှိကြပါတယ်။ (e.g, break)                      
 break/breaks /broke /broken /breaking  

have မှာ မိသားစုဝင် ၄ဦးပါ။     ( have /has /had /having)

Put လို ကြိယာမှာတော့ မိသားစုဝင် ၃ဦး ရှိပါတယ်။  (put /puts /putting) (V1,V2,V3 တူ)

မိသားစုဝင်နှစ်ဦးထဲရှိတာ can နဲ့ will လို အကူကြိယာတွေပါ။                                         
(can /could နဲ့ will /would)

မိသားစုမရှိဘဲ တစ်ကိုယ်ကြီး လူပျိုကြီးကြိယာကတော့ must ပါပဲ။

Monday, February 15, 2016

အင်္ဂလိပ်စာကို ဘယ်လိုချဉ်းကပ်မလဲ

အခု ကျနော်ရေးမယ့်အကြောင်းအရာလေးက မူရင်း အင်္ဂလိပ်သဒ္ဒါစာအုပ်တွေထဲက ဘာသာပြန်ဆို တင်ပြနေတဲ့ အခန်းဆက်သင်ခန်းစာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာလေ့လာ လိုက်စား သူတို့အတွက် အကျိုးမယုတ်နိုင်လောက်ဘူးလို့ ထင်ပါတယ်။ ရှေ့ပိုင်း post တွေတင်ခဲ့ပါတယ်။ မူရင်းစာအုပ်တွေထဲက အကြောင်းတွေကို မိတ်ဆွေတို့အတွက် အဆင်ပြေနိုင်ဖို့ တတ်နိုင်သလောက် ဘာသာပြန်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အကြောင်းအရာမှာတော့ ကျနော့်အာဘော် သက်သက်သာဖြစ်ပါတယ်ခင်ဗျား။

ပြီးတော့ ဒီအကြောင်းအရာလေးကို အရင်မရေးလိုက်ရတာက လေ့လာသူအားလုံးကိုလည်း အခြေခံသဒ္ဒါအဆင့်လောက်တော့ တော်တော်လေး တီးမိခေါက်မိလောက်ပြီ ထင်လို့လေ။ ဒါကြောင့် ဒီ post ဟာ အင်္ဂလိပ်သဒ္ဒါကို လေ့လာခါစ ညီငယ်၊ ညီမငယ်တို့အတွက် အဓိကရည်ရွယ်ပါတယ်။

PERFECT TENSE တို့၏ ကွဲလွဲချက်များကို အသေးစိတ် လေ့လာကြည့်ခြင်း

၎င်းတို့ရဲ့ ကွဲလွဲချက်ကို Present Perfect Tense (Fig 1.4) မှာ အနည်းအကျဉ်း ပြောပြထားခဲ့ပါတယ်။ ဒီ post မှာတော့ ကွဲလွဲချက်တို့ကို အသေးစိတ်လေ့လာ ကြည့်ကြရအောင်။

A. ပြုမူဆောင်ရွက်ချက်ကို အဓိကထားပြောဆိုမယ်၊ ဆောင်ရွက်မှု ပြီးမြောက်ခြင်း ရှိ မရှိဟာ အရေးမကြီးဘူး ဆိုတဲ့ အသုံးအနှုန်းမျိုးမှာ Present Perfect Continuous Tense ကို သုံးပြီး ဆောင်ရွက်မှုရဲ့ အကျိုးရလဒ်၊ ပြီးခြင်း မပြီးခြင်းကို အဓိကထား မေးမြန်းပြောဆိုရာမှာတော့ Present Perfect Simple ကိုသုံးရတယ်။
ဥပမာ။           ။
ရိုစီ ရဲ့ အင်္ကျီမှာ ဆေးတွေပွနေတယ်။ တစ်နည်းအားဖြင့် ဆေးသုတ်လက်စ တန်းလန်း ပဲဖြစ်နေတယ်၊ ဆောင်ရွက်မှုကို အဓိကထား ပြောဆိုချင်တဲ့ အခါမျိုးမှာ Present Perfect Continuous Tense ကို သုံးတယ်။

Sunday, February 7, 2016

Present Perfect Continuous Tense


(A)  လက်ရှိကာလနဲ့ ဆက်စပ်နေတဲ့ မကြာသေးခင်ကမှ ပြီးဆုံးသွားတဲ့ ဆောင်ရွက်မှုတို့ကို ဖော်ပြရာမှာ Present Perfect Continuous Tense ကို သုံးတယ်။ ဆောက်ရွက်မှုကနေ ထုတ်လုပ်လိုက်တဲ့ အကျိုးရလဒ်ဟာ လက်ရှိအချိန်မှာ မြင်သာထင်သာ ရှိနေတယ်။
ဥပမာစာကြောင်းလေးတွေနဲ့ ဆိုရင် ပိုရှင်းသွားပါလိမ့်မယ်။

Wednesday, February 3, 2016

Present Tenses: Present Perfect Tense

Forms (တည်ဆောက်ပုံများ)

Affirmative(ရိုးရိုးဝါကျ)
Question(မေးခွန်းဝါကျ)
Negative(အငြင်းဝါကျ)
I have worked
Have I worked?
I have not worked
You have worked
etc
Have you worked?
etc
You have not worked
etc

***** Present Perfect tense ကို ဘယ်အချိန်မှာ သုံးသလဲဆိုရင် လက်ရှိကာလ နဲ့ ဆက်စပ်နေတဲ့ အတိတ်က အကြောင်းအရာကို ဖော်ပြချင်တဲ့ အခါမှာ သုံးပါတးယ်။ (ပြီး ၊ဖူး ၊မိ ၊ ပြီ ၊ထား ဆိုတဲ့ ကြိယာ နောက်ဆက်တွေလိုက်တယ်။ ) ဥပမာ ။    ။ ရောက်ဖူးတယ်၊ လုပ်မိတယ်၊ စားပြီးပြီ ။

A. Meaning;
Ø  ဖြစ်ပျက်မှု တစ်ခုခုကို  လက်ရှိ ပစ္စုပ္ပန်ကာလကို တစ်ချိန်ထဲ ဖြစ်ပျက်နေသကဲ့သို့ ဆက်စပ်တွေးခေါ်ကြတယ်။ အဲဒီလို အခြေအနေမျိုးမှာ Present Perfect sentence ကို ဆိုလိုရင်းတူ Present Tense သို့ ပြောင်းလဲ အသုံးပြုနိုင်တယ်။

Tuesday, February 2, 2016

High School English Grammar & Composition

Wren & Martin ပြုစုတဲ့ High School English Grammar & Composition ဆိုတဲ့ ebook လေးကို Free download ရနိုင်တဲ့နေရာကနေ ရှာယူထားပါတယ်။ ကျနော်တို့ ဖရီးကစ်တာကို ကမ္ဘာက နားလည်ခွင့်လွတ်နိုင်ပါလိမ့်မယ်။ ebook လေးဆိုလို့ သေးသေးလေးလို့တော့ မထင်လိုက်ပါနဲ့ဗျာ။ စာမျက်နှာ ၉၀၀ ကျော်ပါဝင်ပါတယ်။

Monday, February 1, 2016

skill လေးမျိုးအပေါ် စာရေးသူရဲ့ အမြင်

ကျနော့် fan တွေလည်းများလာပြီဆိုတော့ LIKE လုပ်ကြတဲ့သူတို့ အတွက် တစ်ခုခုတော့ ရေးအုံးမှပဲ ဆိုပြီး ဒီ Post လေးကို ရေးလိုက်ရပါတယ်။ ကျနော်တပ်ထားတဲ့ Page Title Description က Grammar knowledge sharing ဆိုတော့ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း အင်္ဂလိပ်စာ လေ့လာလိုက်စား သူတို့အတွက် READING,WRITING,LISTENING,SPEAKING ဆိုပြီး skill လေးမျိုးရှိတဲ့နေရာမှာ grammar ပိုင်းကိုပဲ အဓိကထားပြီး ဖော်ပြသွားမှာပါဖြစ်လို့ READING နဲ့ WRITING ပိုင်းကို အသားပေးသွားမယ် ဆိုရင် မှားမယ် မထင်ပါဘူး။