ပြောမှာကတော့ Simple Past Tense အကြောင်းပြောမယ်လို့ ခေါင်းစဉ်တင်ထားတာပဲ။
ဒါပေမဲ့ Tense တွေကို အဓိက ဖြစ်ပေါ်လာစေတဲ့ verb တွေအကြောင်းကို နည်းနည်းလေး ပြန်ကောက်လိုက်
ချင်သေးတယ်။ Verb လို့ ပြောလိုက်တာနဲ့ စကားလုံးတစ်လုံးတည်းကိုပဲ အမြဲတမ်း မဆိုလိုဘူး။
လူတွေလို သူ့မှာလည်း မိသားစုဝင်တွေရှိတယ်။ မိသားစုဝင် အများဆုံး Verb အုပ်စုကြီးက
Verb to Be ပါပဲ။ (is /are /am /was /were /been /being / to be) မိသားစုဝင် အားလုံးပေါင်း
၈ဦးထိ ရှိပါတယ်။
Verb အများစုကတော့ မိသားစုဝင် ၅ဦး ရှိကြပါတယ်။ (e.g,
break)
break/breaks /broke /broken /breaking
have မှာ မိသားစုဝင်
၎ဦးပါ။ ( have /has /had /having)
Put လို ကြိယာမှာတော့ မိသားစုဝင် ၃ဦး ရှိပါတယ်။ (put /puts /putting) (V1,V2,V3 တူ)
မိသားစုဝင်နှစ်ဦးထဲရှိတာ can နဲ့ will လို အကူကြိယာတွေပါ။
(can /could နဲ့ will /would)
(can /could နဲ့ will /would)
မိသားစုမရှိဘဲ တစ်ကိုယ်ကြီး လူပျိုကြီးကြိယာကတော့ must
ပါပဲ။

